နောက်အကြိမ်အတွက် အခြေချနေထိုင်မှုအထောက်အကူပြု သင်တန်းအစီအစဥ်နှင့်ပါတ်သက်၍
စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါအီးမေးလ်မှတဆင့် လက်ခံဖြေဆိုပေးနေပါသည်။
E-mail: rhq1401@rhq.gr.jp
စုံစမ်းမေးမြန်းနိုင်သည့်နောက်ဆုံးကာလ ➡ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက် (ဗုဒ္ဓဟူး)
အခြေချနေထိုင်မှုအထောက်အကူပြုအစီအစဥ်သင်တန်း အတွက် လျှောက်လွှာဖောင်ပိတ်ခြင်းအား ၂၀၂၆ခုနှစ်ဇူလိုင်လ၃၁ရက်( သောကြာနေ့ )အထိဖြစ်သော်လည်းစုံစမ်းမေးမြန်းပြီးနောက်လိုအပ်သည့်စာရွက်စာတမ်းများအားညွှန်ကြားခြင်းနှင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက်စုံစမ်းမေးမြန်းခြင်းကာလအားအနည်းငယ်စော၍ရက်ကာလအားသတ်မှတ်ထားပါသည်။တက်ရောက်လိုသောဆန္ဒရှိသူသည်ပထမဦးဆုံးအထက်ဖော်ပြပါကာလအတွင်းစုံစမ်းမေးမြန်းခြင်းအားပြုလုပ်စေလိုပါသည်။
ထို့ပြင်မေးမြန်းစုံစမ်းနိုင်သည့်သတ်မှတ်ကာလပြီးဆုံးပြီးနောက်ပိုင်းတွင်မှဒုက္ခသည်နှင့်ဖြည့်စွက် ကာကွယ်စောင့်ရှောက်မှုပေးရန်အကျုံးဝင်သူအဖြစ်အသိအမှတ်ပြုခြင်းခံရပြီးသင်တန်းအားတက်ရောက်လိုသောဆန္ဒရှိခဲ့ပါကသီးသန့်တစ်ဦးချင်းစီအထက်ဖော်ပြပါအီးမေးလ်လိပ်စာမှတဆင့်စုံစမ်းမေးမြန်းခြင်းပြုလုပ်ပါ ။